ရန်ကုန်မြို့တော်တွင် နေထိုင်နေသည့် ပြည်သူများအတွက် နားနေအပန်းဖြေဧရိယာရရှိမှု
အချိုးအစားမှာ လူတစ်ဦးလျှင် လေးပေပတ်လည်နှုန်းခန့်သာ ရှိတော့ကြောင်း ကုလသမဂ္ဂ၏
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ ဖြစ်သော UN HABITAT ၏ မြို့ပြရေးရာ သုတေသနပညာရှင်
ဦးသံမိုးက ပြောသည်။
![]() |
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အထပ်မြင့်ကွန်ဒိုအဆောက်အဦ၏ခေါင်မိုးပေါ်တွင် ဘောလုံးကစားနေကြသည့် လူငယ်များ။ (ဓာတ်ပုံ-ဖြူဖြူဇင်) |
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(ဂျိုက်ကာ)နှင့် ဂျပန်နိုင်ငံ အခြေခံ
အဆောက်အအုံနှင့် ပို့ဆောင်ရေး ၀န်ကြီးဌာနတို့၏ သုတေသနပြုချက်များကို ကိုးကား
ပြောကြားခြင်း ဖြစ်သည်။
"ရန်ကုန်မြို့နေလူထုနဲ့ ပြည်သူပိုင် အပန်းဖြေဧရိယာအချိုးအစားက သုညနီးပါး ဖြစ်နေပြီ။
အရင်တုန်းက ရန်ကုန်မြို့တော်ကို Green City ဆိုပြီး ခေါ်ဆိုခဲ့ကြတယ်။ အခုတော့ အဲဒီလို
မခေါ်နိုင်တော့ပါဘူး"ဟု ၎င်းက ပြောသည်။
ဒေသတွင်းနိုင်ငံများ၏ မြို့တော်များဖြစ်သော စင်ကာပူနှင့် ဘန်ကောက်ကဲ့သို့သော မြို့များတွင်
နေထိုင်သူများက ရန်ကုန် လူထုထက် အပန်းဖြေဧရိယာ ၁၀ ဆ ခန့် ပိုမိုရရှိကြောင်း ၎င်းက
ပြောသည်။
"မြေကွက်အလွတ်တွေ့တိုင်း အဆောက်အအုံဆောက်မယ့်အစား Open Space တွေများများ
လုပ်ပေးဖို့ လိုအပ်နေပါတယ်"ဟု ဦးသံမိုးက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် ကိုမျိုးမင်းဦးက "ရန်ကုန်မှာ ပန်းခြံတွေ
အရမ်းရှားလာပြီ။ ရှိတဲ့ပန်းခြံတွေကျတော့လည်း ညနေခြောက်နာရီဆို ပိတ်ကုန်ရော။
တာဝန်ရှိသူတွေက မြေကွက်လွတ် မြင်တာနဲ့ စီးပွားရေးလုပ်ငန်းသုံးဖို့ပဲ စဉ်းစားနေကြတယ်။
အခုကျွန်တော်တို့ အားလပ်ရက် အပန်းဖြေချင်ရင် ဈေးဝယ်စင်တာတွေ သွားမှရတော့တယ်"ဟု
ဆိုသည်။
ဗိုလ်တထောင်မြို့နယ်၌ နေထိုင်သည့် ကိုကျော်ဇင်ထွန်း ကလည်း "ကျွန်တော်တို့ မြို့က
အရမ်းမွန်းကျပ်လာပြီ။ ပြီးတော့ အရင်ထက် ပိုပူလာတယ်။ ရှိတဲ့ အပန်းဖြေစရာနေရာတွေကလည်း
သန့်သန့်ပြန့်ပြန့် စိမ်းစိမ်းစိုစို မရှိကြဘူး"ဟု ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အဆိုပါဝေဖန်မှုများကို သဘောမတူဘဲ
အားကစားလုပ်မှုများ ယခင်ကထက် များလာသည်ဟုဆိုသည်။
မြို့တော်စည်ပင်၏ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်း က ယခင်အစိုးရထံမှ
၎င်းတို့ မြို့တော်စည်ပင်သည် အားကစားကွင်း ၄၃ ကွင်းသာ လက်ခံရရှိ ခဲ့ပြီး ယခုအခါ
အားကစားကွင်း ၁၀၀ ကျော် ရှိပြီဖြစ်သဖြင့် ၅၀ ကျော်ပင် တိုးတက်လာခဲ့ကြောင်း ဌာနမှူးစုံညီ
သတင်းစာရှင်းလင်းပွဲတွင် မြန်မာတိုင်း(မ်)၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်ပိုင် နယ်နိမိတ်အတွင်း၌ ပန်းခြံ ၅၈ ခြံရှိသည့်အနက် မည်သည့်
ပန်းခြံကိုမျှ ဖျက်စီးခြင်းမပြုဘဲ ပန်းခြံ ၂၃ ခြံကို အဆင့်မြှင့်ခြင်း၊ အခြား ၂၁ ခြံကို
ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နေသည်ဟု ဆိုသည်။
မြို့တော်စည်ပင်၏ မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြည်သူအများစုသည်
ယခင်က ပန်းခြံသဖွယ် ပြုပြင်ထားသည့် နေရာများကို ပန်းခြံမြေဟု အမှတ်မှားခြင်းသာဖြစ်ပြီး
ဌာနဆိုင်ရာ စာရင်းဇယားများ၌မူ ထိုမြေအချို့သည် ပန်းခြံမြေဟု အမည်မပေါက်ကြောင်း၊ ပန်းခြံဟု
အမည်ပေါက်ပြီးသား မြေနေရာများမူ ယုတ်လျော့သွားခြင်း မရှိကြောင်း ဆိုသည်။
သို့သော် ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာအနီးရှိ ပန်းခြံငယ်တစ်ခြံနှင့် တာမွေမြို့နယ်၊
ကြက်ဘဲဈေးအရှေ့မှ ပန်းခြံငယ်တစ်ခြံတို့ကို မြေများတူးဖော်လျက်ရှိပြီး အထပ်မြင့်ကားပါကင်
ဆောက်ရန် စီစဉ်နေခြင်းကို လက်ရှိမြင်တွေ့နိုင်ကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပြည်သူပိုင်အားကစားကွင်းတစ်ကွင်းကို ပုဂ္ဂလိက
ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုထံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထပ်မြင့်
အဆောက်အအုံဆောက်လုပ်ရန် ငှားရမ်းထားသည်ဟု စွပ်စွဲ
ဆန္ဒပြပွဲတွင်ပါဝင်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးမှာလည်း တရားစွဲခံထားရသည်။
ကာ ရပ်ကွက်လူထုကဆန္ဒပြခဲ့ကြပြီး
မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်း၏ ဒုဥက္ကဌ ဦးမော်လင်းကလည်း "အရမ်းအရမ်းတွေ
မလုပ်ကြပါနဲ့။ မြို့ပြ စီမံကိန်းတွေ၊ ဇုန်သတ်မှတ်ခွဲခြားမှု အစီအစဉ်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဇုန်တွေ သတ်မှတ်ပြီးမှ လုပ်ကြပါ"ဟု ပြောသည်။
မကြာသေးမီက မြို့တော်စည်ပင်သည် ရန်ကုန်ရှိ ပန်းခြံအများစုကို ၀င်ကြေး အခမဲ့
သတ်မှတ်ပေးလိုက်ပြီးနောက် ပန်းခြံများသို့ ၀င်ရောက် အနားယူအပန်းဖြေသည့် လူဦးရေလည်း
နှစ်ဆခန့် တိုးတက်လာသည်ဟု ထိုဌာနမှ သိရသည်။
@kyawphonekyaw
No comments:
Post a Comment